Monday, May 16, 2011

Photoshop Tool များအကြောင်း

  အခု ကျွန်တော်ဖော်ပြမယ့် အကြောင်းအရာလေးကတော့ Photoshop ToolBox မှာပါဝင်တဲ့ Tool တစ်ခုချင်းစီရဲ့ အခေါ်အဝေါ်နဲ့ အသုံးပြုနိုင်မယ့် နည်းလမ်းအသေးစိတ်ကိုဖော်ပြမှာပဲဖြစ်ပါတယ်...ဘယ်လို
Tool မျိုးတွေကို ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်တယ်ဆိုတဲ့အကြောင်းအရာကိုလည်း တတ်
နိုင်သလောက် Tool တစ်ခုချင်းစီအကြောင်းကိုအသေးစိတ်ဖော်ပြထားပါတယ်..ကျွန်တော့်အနေနဲ့ကျွန်တော့်
နားလည်သမျှကိုတတ်နိုင်သလောက်နားလည်လွယ်အောင် ရေးသားထားပါတယ်..နားမလည်တာများရှိခဲ့
ရင်သော်လည်းကောင်း၊မပြည့်စုံခြင်းများရှိခဲ့လျှင်းသော်လည်း ကျွန်တော့်ကိုနားလည်ပေးကြပါလို့
....မေတ္တာရပ်ခံပါတယ်ဗျာ...

ဒါကတော့ အားလုံးသိထားပြီးသားဖြစ်တဲ့ Photoshop ToolBox ပါ....ToolBox တွေမှာပါရှိတဲ့ Tool တွေရဲ့အသုံးပြုပုံ နှင့် အသုံးပြုနည်းများကို တစ်ဆင့်ခြင်း ဖော်ပြပါ့မယ်....

Move Tool
ဒီ Tool ကတော့ Move Tool လို့ခေါ်ပါတယ်....Move Tool ဆိုတဲ့ အတိုင်း ပုံတွေရွှေ့တာပဲ ဖြစ်ဖြစ် ၊ မျဉ်းကြောင်းတွေ ရွှေ့တာပဲ ဖြစ်ဖြစ် ၊ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းတဲ့ နေရာမှာ အသုံးပြုပါတယ်...ဥပမာအနေနဲ့
 Background တစ်ခုထဲသို့ မိမိပြုပြင်လိုသော ပုံကို ပြောင်းရွှေ့တဲ့နေရာမှာ အသုံးပြုပါတယ်....

 Rectangular Marquee Tool
ဒီ Tool ကတော့ Rectangular Marquee Tool လို့ခေါ်ပါတယ်....ပုံတစ်ပုံရဲ့ မိမိလိုချင်တဲ့ အစိတ်အပိုင်းကို ဖြတ်တောက်တဲ့ နေရာမှာအသုံးပြုပါတယ်...ဥပမာအနေနဲ့
မိမိလိုချင်တဲ့ အစိတ်အပိုင်းကို Rectangular Marquee Tool နဲ့ Select လုပ်ဆောင်ပြီး Mool Tool ကိုအသုံးပြုပြီး ရွှေ့ပြောင်းထည့်ထားတာပါ....

Lasso Tool
ဒီ Tool ကတော့ Lasso Tool လို့ခေါ်ပါတယ်.....ဒီ Tool ကလည်းပဲ ပုံတွေကို ဖြတ်တောက်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်....တစ်ခြားတွဲဖက်ပြီး လုပ်ဆောင်နိုင်တာတွေလည်း ရှိပါသေးတယ်.....ဥပမာ အနေနဲ့
မိမိလိုအပ်တဲ့ အစိတ်အပိုင်းကို လိုအပ်သလောက် Select လုပ်ဆောင်ပြီး Move Tool ကိုအသုံးပြုပြီး မိမိထည့်လိုသော နေရာမှာ ထည့်သွင်းနိုင်ပါတယ်....
 

Quick Selection Tool
 ဒီ Tool ကတော့ Quick Selection Tool လို့ခေါ်ပါတယ်.....ဒီ Tool ကတော့ ပုံတွေကိုလိုင်းအနားလေးတွေကို ညီအောင် ဖျက်တဲ့နေရာမှာ အသုံးပြုပါတယ်....အကွေ့အကောက်များပြီး ဖျက်ရခဲ့တဲ့ ပုံတွေမှာ အသုံးပြုနိုင်ပါတယ်.....ဥပမာ အနေနဲ့ 
 ဒီ Tool မှာကတော့ (+) (-) ကိုအသုံးပြုပြီး Select လုပ်တာ အတိုးအလျှော့ လုပ်ပြီး ဖျက်နိုင်ပါတယ်....

Crop Tool
ဒီ Tool ကတော့ Crop Tool လို့ခေါ်ပါတယ်....ဒီ Tool ကတော့ ပုံတွေကို တစောင်း လုပ်တာပဲ ဖြစ်ဖြစ် ၊ အထက်အောက်လှန်တာပဲ ဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်.....ဥပမာ အနေနဲ့ 
ဒီ Tool ကို တစ်ခြား Tool များနှင့်လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်.... 

Eyedropper Tool 
ဒီ Tool ကတော့ Eyedropper Tool လို့ခေါ်ပါတယ်....ဒီ Tool ကတော့ အရောင်တွေ ရွေးတဲ့နေရာမှာ အသုံးပြုပါတယ်....မိမိလိုချင်တဲ့ တစ်ပုံက အရောင်ကို တစ်ခြားပုံတစ်ပုံမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်....ဥပမာ အနေနဲ့ 
မိမိလိုချင်တဲ့ အရောင်ပေါ်ကို ထောက်ပြီးတော့ နောက်တစ်ခုမှာ ထည့်သွင်းနိုင်ပါတယ်......Brush Tool ကိုလည်း အသုံပြုပြီး ထည့်သွင်းနိုင်ပါတယ်.....

Spot Healing Brush Tool
ဒီ Tool ကတော့ Spot Healing Brush Tool လို့ခေါ်ပါတယ်....ဒီ Tool ကတော့ အစက်အပြောက်တွေပဲ ဖြစ်ဖြစ် ၊ ခြစ်ရာတွေပဲ ဖြစ်ဖြစ် ရှိနေတယ်ဆိုရင် ဖျောက်လို့ရတဲ့ Tool ပဲ ဖြစ်ပါတယ်....ဥပမာ အနေနဲ့
မူရင်းပုံမှာ ရှိတဲ့ အစက်အပျောက်တွေကို ဖျောက်ပေးနိုင်တဲ့ Tool ပဲဖြစ်ပါတယ်...

Brush Tool
ဒီ Tool ကတော့ Brush Tool လို့ခေါ်ပါတယ်....ဒီ Tool ကတော့ ပုံတွေမှာ အရောင်ခြယ်သတဲ့နေရာမှာ အသုံးပြုပါတယ်.....တစ်ခြားသော Tool များနှင့်လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်.....

Clone Stamp Tool
 ဒီ Tool ကတော့ Clone Stamp Tool လို့ခေါ်ပါတယ်....ဒီ Tool ကတော့ လူတွေမှာရှိတဲ့ အရောင်တွေ  မဲ့တွေ အသားတွေ ဖြည့်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်......ဥပမာ အနေနဲ့
History Brush Tool
 ဒီ Tool ကတော့ History Brush Tool လို့ခေါ်ပါတယ်....ဒီ Tool ကတော့ ပုံတွေကို ဖြတ်ပြီးတဲ့ အခါမှာ ပုံရဲ့ ဘေးနားမှာကျန်ရှိနေတဲ့ အရောင်တွေကို ဒီ Tool ကိုအသုံးပြုပြီး နောက်ခံ Background အရောင်နဲ့ တစ်ထပ်တည်းဖြစ်အောင် ညှိယူနိုင်ပါတယ်...ဥပမာ အနေနဲ့

Eraser Tool
ဒီ Tool ကတော့ Eraser Tool လို့ခေါ်ပါတယ်....ဒီ Tool ကတော့ နာမည်နဲ့ လိုက်အောင် စိတ်ကြိုက်ဖျက်တဲ့နေရာမှာ အသုံးပြုပါတယ်....ဥပမာအနေနဲ့

 Gradient Tool
ဒီ Tool ကတော့ Gradient Tool လို့ခေါ်ပါတယ်....ဒီ Tool ကတော့ အရောင်တွေထည့်တဲ့ နေရာမှာ Shift Key နဲ့တွဲသုံးပါတယ်...မလိုချင်သောနေရာများကို ၀ါးနေအောင် ပြုလုပ်နိုင်ပြီး လိုချင်တဲ့ နေရာများကိုလည်း ထင်ရှားအောင် Quick Mash Mode tool နှင့်တွဲဖက်အသုံးပြုနိုင်ပါတယ်......

Blur,Sharpen,and Smudge Tools
ဒီ Tool ကတော့ စလုံးတွေကို အရည်ပျော်အောင် ၊မီးတောက်ပုံလေးဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်..ဥပမာ အနေနဲ့

Dodge and Burn Tools
ဒီ Tool ကတော့ မဲနေတဲ့ ပုံတွေကို ဖြူအောင် ၊ ဖြူနေတဲ့ ပုံကို မဲအောင် လုပ်ဆောင်နိုင်ပါတယ်....ဥပမာ အနေနဲ့

 Pen Tool
ဒီ Tool ကတော့ အသုံးပြုရတာ နည်းနည်း ခက်ခဲပါတယ်....ပုံဆွဲတဲ့နေရာတွေမှာ အသုံးပြုပါတယ်...ဥပမာ အနေနဲ့
ဒီပုံကတော့ Pen Tool ကို အသုံးပြုပြီး ဆွဲထားတာပါ...

Type Tool
 ဒီ Tool ကတော့ စာတွေရိုက်တဲ့ နေရာမှာ အသုံးပြုပါတယ်.....ဥပမာ အနေနဲ့

 Path Selection and Direct Selection Tool
 ဒီ Tool ကတော့ အမှတ်ကလေးတွေကို ရွှေ့ပြောင်းပေးနိုင်တဲ့ Tool လေးပဲ ဖြစ်ပါတယ်.....ဥပမာ အနေန

 Custom Shape Tool
 ဒီ Tool ကတော့ Shape တွေထည့်တဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ Tool ပဲဖြစ်ပါတယ်...ဥပမာ အနေနဲ

Zoom Tool
ဒီ Tool ကတော့ ပုံတွေကို ချဲု့ပြီး ကျုံ့ပြီး ကြည့်တဲ့နေရာမှာ အသုံးပြုပါတယ်......ဥပမာ အနေနဲ့
 
ဒီ Tool အစား Ctrl+(-) or (+) ဖြင့်လည်း အသုံးပြုနိုင်ပါတယ်.......

Hand Tool
ဒီ Tool ကတော့ ပုံတွေဖျက်တဲ့ အချိန်မှာ မိမိဖျက်ချင်တဲ့နေရာကို Zoom ချဲ့ပြီး လိုသလို ရွှေ့လို့ရတဲ့ Tool လေးပဲဖြစ်ပါတယ်.....ဥပမာ အနေနဲ့

 Background/Foreground
ဒီ Tool ကတော့ အရောင်တွေညှိတဲ့ အချိန်မှာ မသုံးမဖြစ် သုံးရတဲ့ Tool တစ်ခုပါပဲ...Brush Tool နဲ့လည်း တွဲဖက်အသုံးပြုပါတယ်...New Layer ခေါ်တဲ့နေရာမှာလည်း မိမိလိုချင်တဲ့ နောက်ခံအရောင်ကိုလည်း ထည့်ရအောင် အသုံးပြုပါတယ်.....ဥပမာ အနေနဲ့

 Quick Mash Mode
ဒီ Tool ကတော့ တစ်ခုတည်း အသုံးမပြုပဲ မိမိ အရောင်ချယ်လိုသော နေရာကို Select အရင် လုပ်ပြီးမှ ဒီ Tool ကို အသုံးပြုနိုင်ပါတယ်...ဥပမာ အနေနဲ့

အခုဆိုရင် Tool များအားလုံးရဲ့ ဘယ်လိုနေရာတွေကို ဘယ်လိုအသုံးပြုတယ်ဆိုတာကို ဥပမာ
လေးတွေနဲ့ ရှင်းပြပေးထားပါတယ်..... Photoshop ကို စိတ်ဝင်စားကြတဲ့ ဘော်ဒါများနှင့် ညီအစ်ကို မောင်နှမ အားလုံး အဆင်ပြေကြပါစေဗျာ........

ဆက်လက်ကြိုးစားသွားပါဦးမည်..........

  

No comments:

Post a Comment