Saturday, May 7, 2011

MIG-21

အခု ကျွန်တော်တို့ MIG-21 လေယာဉ်လေး စတင်ဆွဲလိုက်ကြရအောင်...



အဆင့်(၁) အနေနဲ့ Font Plane မှစတင်ပြီး Plane 1 ကိုစတင်ထုတ်ပါမယ်။ ပုံမှာပြထားတဲ့ အတိုင်း Insert -> Reference Geometry -> Plane ကိုယူပါမယ်။ 



အဆင့်(၂)အနေနဲ့ Font plane မှ အကွာအဝေး 2.80in ထားပါမည်။ ပြီးလျှင် အမှန်ခြစ် ပေးပါမည်။



ထိုနည်းအတိုင်း နောက်ထပ် Plane နှစ်ခု အားလုံးပေါင်း သုံးခု ထပ်မံထုတ်လိုက်ပါ..။



အဆင့်(၃) အနေနဲ့ Font plane တွင်ပုံတွင်ပြထားသည့်အတိုင်း Body ကိုစတင်ဆွဲပါမည်..။



ထိုနည်း အတိုင်း ယခင် ယူထားသော Plane များတွင် ကိုယ်ထည်ဆွဲရန် အတိုင်းအတာ စက်ဝိုင်းများကို ထပ်မံဆွဲလိုက်ပါ..။



အဆင့်(၄) အနေနဲ့ Tool bar မှ Lofted Boss/Base Tool ကိုအသုံးပြု၍ ယခင်ဆွဲထားသော စက်ဝိုင်းများကို ပုံတွင်ပြထားသည့် အတိုင်း ရွေးချယ်ပြီး အမှန်ပေးလိုက်ပါ..။



အဆင့်(၅) အနေနှင့် Front Plane မှ ပထမအဆင့်တွင် ထုတ်ယူထားသော Plane များအနက်မှ ပထမဆုံး Plane မှတဆင့် နောက်ထပ် Plane တခု ထပ်မံထုတ်ယူပါ..။



အဆင့်(၆) တွင် Body ဆွဲခဲ့သည့် အတိုင်း လေယာဉ် ခေါင်းဖုံး ဆွဲရန် စက်ဝိုင်းများ ထပ်မံဆွဲပါ။
ပြီးလျှင် Lofted Boss/Base Tool ဖြင့် ကိုယ်ထည်ဆွဲခဲ့သည့်အတိုင်း ခေါင်းဖုံးကို ထပ်မံဆွဲယူပါ..။



အဆင့်(၇) တွင် Tool bar မှ Filet Tool ကိုယူ၍ ခေါင်းဖုံး အခြေကို 0.10in ဖြင့် ထားပါမည်..။



အဆင့်(၈) တွင် အထက်ပါခေါင်းဖုံး နောက်ဆုံး Plane မှ တဆင့် နောက်ထပ် Plane နှစ်ခုကို ထပ်မံထုတ်ယူပါမည်..။



ယခင်အတိုင်း လေပိုက်လိုင်းဆွဲရန် စက်ဝိုင်းများကို ပုံတွင်ပြထားသော Plane များတွင်ဆွဲပါ..။
ထို့နောက် Lofted Boss/Base Tool ဖြင့် လေပိုင်းလိုင်းကို ဆွဲယူပါ..။



နောက်ထပ် အဆင့်များကို ဆက်လက်လေ့လာရန်..











No comments:

Post a Comment