ဒုတိယပိုင်းအနေနဲ့ ...
အဆင့်(၉) အနေနဲ့ Right Plane တွင် ပုံတွင် ပြထားသည့် အတိုင်း အမြှီးပိုင်းကို ဆွဲပါ..။
Extruded Boss/Base Tool ဖြင့် အထူ 0.10 in ယူပါမည်။ ပြီးနောက် အမှန်ခြစ်ကိုပေးပါ..။
အဆင့်(၁၀) တွင် Right Plane မှတဆင့် နောက်ထပ် Plane တခုကို ထပ်မံထုတ်ယူပါ..။
Right Plane တွင် တောင်ပံဆွဲရန် ပုံတွင်ပြထားသည့် အတိုင်း မျဉ်းများကို ဆွဲယူပါ..။
၎င်း နောက် Sketch ထွက်ပြီး ထုတ်ယူထားသော Plane ကို Sketch ယူ၍ Tool bar မှ Offset Entities Tool ဖြင့် အပေါ်တွင်ဆွဲထားသော လေယာဉ် တောင်ပံ မျဉ်းများကို ရွေးချယ်ပါ..။ ထုတ်ယူထားသော Plane တွင် မျဉ်းများ copy ဖြစ်သွားပါလိမ့်မည်..။
ထို့နောက် ၄င်းမျဉ်းများကို ပုံတွင်ပြထားသည့်အတိုင်း ကိုယ်ထည် မျဉ်းများထက် သေးငယ်အောင် ခြုံ့ယူပါ..။
အဆင့်(၁၁) တွင်Lofted Boss/Base Tool ဖြင့် အထက်တွင် ဆွဲယူထားသော မျဉ်းများကို Select ယူ၍ တောင်ပံ တခုရယူပါ..။
အဆင့်(၁၂) တွင် Tool bar မှ Mirror Entities Tool ကိုအသုံးပြု၍ Right Plane ကိုအလယ်ယူ၍ တဘက်တောင်ပံ
ကို Mirror Copy လုပ်ယူပါ..။
အဆင့်(၁၃) တွင် ထိပ်ဦးပိုင်းကို Sketch ယူ၍ ၄င်းထက် သေးငယ်သော စက်ဝိုင်းတခုကို ဆွဲယူပါ..။
၎င်းနောက် Extruded cut Tool ကိုအသုံးပြု၍ 0.90 in ရှိသော အပေါက်တခု ကိုဆွဲယူပါ..။
ဆွဲယူထားသော အပေါက် အခြေကို Sketch ယူ၍ ထပ်တူညီသော စက်ဝိုင်းတခုကိုဆွဲယူပါ ...။
၎င်းနောက် Extruded Boss/Base Tool ကိုအသုံးပြု၍ 2.90 in နှင့် 7 Degree ရှိသော ဦးခေါင်းပိုင်းကိုဆွဲယူပါ..။
အဆင့်(၁၄) တွင့် လေကာခေါင်းကို အထက်တွင် ဖေါ်ပြထားသည့် အဆင့်များနည်းတူ သင့်တော်သော Plane
တခု ထုတ်ယူ၍ Loft Boss/Base Tool များဖြင့် အသုံးပြုပြီး ဆွဲယူပါ..။
အဆင့်(၁၅) တွင်လည်း ပုံတွင်ပြထားသည့်အတိုင်း ဆွဲယူပါ..။
အသုံးပြုရန် Tools များမှာ Plane ထုတ်ယူပြီး စက်ဝိုင်းတခု ဆွဲယူပါ..။ ၄င်းနောက် Extruded Boss/Base Toolကိုအသုံးပြု၍ ဆွဲယူပါ..။
ယခုဖေါ်ပြထားသော ပုံအတိုင်း ထွက်ပေါ်လာပါမည်..။
အဆင့်(၁၆) တွင် နောက်မြှီး တောင်ပံပိုင်း ကို ကိုယ်ထည် တောင်ပံပိုင်းဆွဲသည့် အဆင့်များ အတိုင်း ဆွဲယူလိုက်ပါ..။
ယခုပုံတိုင်း ဖြစ်ပေါ်လာအောင်ဆွဲယူပါ..။
အဆင့်(၁၇) တွင် ပဲ့မြှီးပိုင်းကို Right Plane ပေါ်တွင် ယူ၍ ပုံတွင်ပြထားသည့်အတိုင်း မျဉ်းများကိုဆွဲယူပါ..။
Extruded Boss/Base Tool ကိုအသုံးပြု၍ အထူ 0.10 in ရှိသော ပဲ့မြှီးကိုဆွဲယူလိုက်ပါ..။
အဆင့်များကို သေချာစွာ ဆွဲယူပြီးသည့်နောက်တွင် ပုံတွင်မြင်ရသည့်အတိုင်း MIG-21 တိုက်လေယာဉ် တစီး
ကို သင်ပိုင်ဆိုင်သွားပြီပေါ့.. :P
သင်ပျော်ရွှင်နိုင်ပါစေ.... ဆက်လက်ကြိုးစားသွားပါဦးမယ် ....
(၉၀၄ မှ ကျောင်းသားများ)

No comments:
Post a Comment