Saturday, May 7, 2011

Archi CAD သင်ခန်းစာ(၁)ဒုတိယပိုင်း

သင်ခန်းစာ(၁) အတွက်ဒုတိယပိုင်းကိုစကြရအောင်....
ပထမပိုင်းမှာ နံရံနဲ့အောက်ခြေခုံကိုဆွဲပြီးပါပြီ။ဒုတိယပိုင်းအတွက်
နံရံမှာ ပြတင်းပေါက်တွေထည့်ပါမယ်။
ပြတင်းပေါက်ထည့်ဖို့အတွက် окно ကိုယူပါ ပြီးရင် ကိုယ်ကြိုက်တဲ့ပြတင်းပေါက်ကိုရွေးပါ။пакрытия
မှာပြတင်းပေါက်ရဲ့သစ်သားအရောင်ကိုပြောင်းလို့ရပါတယ်။


ပြီးရင်ပုံမှာပြထားတဲ့အတိုင်း နံရံဆွဲထားတဲ့ဘောင်မှာကိုယ်ကြိုက်တဲ့နေရာလေးမှာ ပြတင်းပေါက်ကိုထည့်ပါ။


F5 key နိုပ်ပြီးထည့်ထားတဲ့ပြတင်းပေါက်အနေအထားလေးကိုကြည့်ပါ။


အခုဆိုရင် အခန်းလေးတခန်းရပါပီ။အခန်းထဲမှာဆက်ပြီး ပစ္စည်းတွေထည့်ပါမယ်။
အထဲအလှဆင်မယ့် ပစ္စည်းတွေကို обьект ကနေရှာပါ။
အစမ်းအနေနဲ့ထိုင်ခုံထည့်တာကိုကြည့်ကြရအောင်။ပုံမှာပြထားတဲ့အတိုင်း ကိုယ်ကြိုက်တဲ့
ထိုင်ခုံတခုကိုရွေးပါ။ပြီးရင် ထိုင်ခုံရဲ့အမြင့်ကို အောက်ခြေကြမ်းခင်းရဲ့အမြင့်အတိုင်းထားပေးပါ။
ကျွန်တော်ကတော့အောက်ခြေအမြင့် ၆၀ ယူထားတဲ့အတွက် ၆၀ လို့သတ်မှတ်ပေးထားပါတယ်။ပြီးရင်ထိုင်ခုံရဲ့အနေအထားကိုမျက်နှာစာကို ကိုယ်လိုချင်တဲ့အနေအထားရအောင် ဒီဂရီကို သတ်မှတ်ပေးပါ။


ထည့်ထားတဲ့ထိုင်ခုံကိုမကြိုက်လို့ပြောင်းချင်တယ်ဆိုရင် ထိုင်ခုံကို right click နိုပ်ပြီး ပုံမှာပြထားတဲ့အတိုင်းအပေါ်ဆုံးက парамеры выбранного обьекта ကိုယူပြီး ပြောင်းလို့ရပါတယ်။အရွယ်အစားနဲ့ ပုံစံကိုပါပြောင်းနိုင်ပါတယ်။


ထိုင်ခုံထည့်တဲ့ပုံစံအတိုင်းပဲ ကျန်တဲ့လိုချင်တဲ့ပစ္စည်းလေးကိုထည့်နိုင်ပါတယ်။ကျွန်တော်ကတော့အရိုးရှင်းဆုံး
အနေနဲ့ ထိုင်ခုံ ၃ လုံး စားပွဲတခုနဲ့  တီဗီလေးတလုံးကို ဧည့်ခန်းပုံစံလေးဆွဲထားပေးပါတယ်။


          အခန်တွင်း...

အိမ်လေးတစ်လုံးပြီးဆုံးသွားပါပြီ..




 ဆက်လက်ကြိုးစားပါဦးမည်...

No comments:

Post a Comment