Saturday, May 7, 2011

Archi CAD

Archi CAD က ဒုတိယနှစ် ရဲ့ ဒုတိယနှစ်ဝက်မှာသင်ရတဲ့ဘာသာရပ်တခုပါ။
အဆောက်အဦးတွေကို ဆွဲရတဲ့ 3D ဆော့ဝဲယားတခုပါ။
အဲဒီဆော့ဝဲယားရဲ့အခြေခံသင်ခန်းစာတွေကိုလွယ်ကူစွာလေ့လာနိုင်ဖို့အတွက်
သင်ခန်းစာအလိုက်တင်ပေးထားပါတယ်။

သင်ခန်းစာ(၁) 

ပထမဆုံးဆော့ဝဲယားကိုဖွင့်ပါ။ပြီးရင် новый ကိုယူပါ။အတိုင်းအတာသတ်မှတ်ရတာ
လွယ်ကူအောင်လို့ параметры ကနေ рабочая среда праекта ကိုယူပါ။ပြီးရင် единицы измерения ကနေ единицы модели မှာ စင်တီမီတာ ပြောင်းပေးပါ။ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ပထမဆုံး အောက်ခြေခုံကိုအရင်ဆွဲပါမယ်။အောက်ခြေခုံဆွဲဖို့အတွက် стена ကယူပါ။
ပြီးရင် အထူနဲ့အမြင့်ကို ၆၀ သတ်မှတ်ပါ။အရောင်ကိုရွေးပါ။

ပုံမှာပြထားတဲ့အလျားနဲ့အနံကို tab key နိုပ်ပြီး သတ်မှတ်ပေးပါ။



ဒုတိယအဆင့်အတွက်နံရံကို ဆွဲပါမယ်။နံရံဆွဲဖို့အတွက် стена ကိုယူပါပြီးရင်အမြင့်တင်ပေးပါ။
အောက်ခြေအမြင့် ၆၀ တင်ထားတဲ့အတွက် နံရံစမယ့်အမြင့်ကိုလည်း ၆၀ သတ်မှတ်ပေး၇ပါတယ်။
အောက်ခြေအမြင့်က ၇၀ နဲ့သတ်မှတ်ထားရင် ၇၀ ပေါ့။ပြီးရင်နံရံအမြင့်ကို
၃၀၀ နဲ့ထားပါမယ်။အထူကတော့ ၆၀ ပါပဲ။


အောက်ကပြထားတဲ့ပုံအတိုင်း နံရံကိုဆွဲပါ။


နံရံဆွဲပြီးရင် အောက်ကြမ်းခင်းကိုဆွဲပါမယ်။အောက်ကြမ်းခင်းကို перекрытие ကိုယူပြီးရင် အမြင့်ကိုသတ်မှတ်ပေးပါ။သူရဲ့အမြင့်ကတော့ ခုနကနံရံဆွဲထားတဲ့အမြင့်အတိုင်းပါပဲ။၆၀ ပဲပေါ့။
ပုံမှာပြထားတဲ့အတိုင်း နံရံဆွဲထားတဲ့ဘောင်အတွင်းမှာဆွဲပေးပါ။



ဒါကတော့ F5 key နဲ့ကြည့်ရင်မြင်၇မယ့်ပုံပါ။




ဒုတိယပိုင်းဆက်လေ့လာရအောင်။







No comments:

Post a Comment